![]() |
၂၀၁၄ ကမ္ဘာ့ဖလားရုပ်တု သယ်ဆောင်လာသည့် private လေယာဉ် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ် သို့ဆိုက်ရောက်လာအပြီးတွေ့ရစဉ် |
ကမ္ဘာ့ဖလားရုပ်တုသည် အိန္ဒိယနိုင်ငံ ကိုကတ္တားမြို့မှ Private လေယာဉ်ဖြင့် နံနက် ၁၁ နာရီ ၃၀ မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ဖလား ရုပ်တုနှင့် အတူ ဖီဖာမှ တာဝန်ရှိသူတစ်ဦး၊ စပွန်ဆာ ပေးထားသည့် Coca Cola ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးနှင့်အတူ အဖွဲ့ဝင်များ လိုက်ပါလာခဲ့ကြောင်း သိရှိရသည်။
ဖီဖာသည် ကမ္ဘာ့ဖလားကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ လှည့်လည်ပြသလေ့ ရှိသော်လည်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။
ယင်းကမ္ဘာ့ဖလားကို ရန်ကုန်မြို့ရှိ လူငယ်အားကစား လေ့ကျင့်ရေးစခန်း(သုဝဏ္ဏ) ဘောလုံးကွင်းတွင် ထားရှိသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်တွင် ပရိသတ်များအား ပြသသွားမည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်သွားရန် စပွန်ဆာပေးထားသည့် ကိုကာကိုလာကုမ္ပဏီမှ စီစဉ်ထားကြောင်း သိရသည်။
ဖီဖာသည် ယင်းကမ္ဘာ့ဖလားကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်သို့ လိုက်လံပြသလျက်ရှိပြီး ယင်းခရီးစဉ်မှာ လာမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်
No comments:
Post a Comment